တစ်နေ့တစ်နေ့
ဘာမှ ဖြုန်းစရာ မကျန်ရှိတော့သောအခါ
ကိုယ့်မှာပိုင်တဲ့
အချိန်တွေကိုသာ ….
ပျော်စရာကောင်းလိုက်ပါဘိ
အရည်လည်းမရ အဖတ်လည်းမရသောကြောင့်
အစာမကျေမှာကို မပူရ
တစ်နေ့တစ်နေ့
ဘာမှ ဖြုန်းစရာ မကျန်ရှိတော့သောအခါ
ကိုယ့်မှာပိုင်တဲ့
အချိန်တွေကိုသာ ….
ပျော်စရာကောင်းလိုက်ပါဘိ
အရည်လည်းမရ အဖတ်လည်းမရသောကြောင့်
အစာမကျေမှာကို မပူရ

by- အယ်ရှား
ရင်နွေး
ဆေးဝါးတွေကို စွဲလန်းနေသူကို
ဆေးသမားလို့ခေါ်ရင်
မင်းကို စွဲလန်းနေတဲ့ ငါ့ကို
ဘယ်လိုခေါ်ဆိုရမှာပါလဲ
ရင်နွေး
မင်းဖတ်ဖို့တော့မဟုတ်ပေမယ့်
မင်းကိုရည်ညွှန်းပြီး ဒီကဗျာကိုရေးပါတယ်
ဒါထက် မင်းကို ဒီလိုနာမ်စားသုံးတာ
သဘောကျပါရဲ့လား
ငါ့ ရင်ကိုနွေးထွေးစေလွန်းသူမို့
မင်းနဲ့တော့ လိုက်ဖက်နေပါရဲ့
ရင်နွေး
“အနေတွေနီးကြဖို့ ဘယ်ထိဝေးရဦးမှာလဲ
မင်းနဲ့နီးချင်တယ်” လို့
ဟန်ထူးလွင်က ဆိုဖူးပါတယ်
တကယ်တော့ မင်းနဲ့မနီးချင်ပါ

poem by ညီမင်းစံ (http://nyiminsan.com/blog/?p=389)
တစ်နေ့တစ်နေ့
လူတွေ လျှောက်ရင်းသွားရင်း
တိုးတိုက်မိကြတယ်
တစ်နေ့တစ်နေ့
ကားတွေ လမ်းမပေါ်မှာ
တိုးတိုက်မိကြတယ်
တစ်နေ့တစ်နေ့
စကားတွေ နှုတ်ခမ်းဖျားတွေဆီက
တိုးတိုက်မိကြတယ်
တစ်နေ့တစ်နေ့
စာတွေ ကဗျာတွေ ငြင်းခုန်ကြရင်း
တိုးတိုက်မိကြတယ်
တစ်နေ့တစ်နေ့
ယဉ်ကျေးမှုတွေ ပြိုလို့ကွဲလို့
တိုးတိုက်မိကြတယ်
ဒီလောက် ပွတ်ကာသီကာနိုင်တဲ့
လောကကြီးထဲ ဘယ်လိုဖြစ်လို့
မင်းနဲ့ငါကျမှ
မတော်တဆလေးတောင် ပြန်မဆုံရတာလဲကွယ်

မြို့လည်ပြတင်းမြင့်
ခြောက်သွေ့ နွေနေ့လည်ခင်းမှာ
လေတိုးသံ သဲ့သဲ့
မကြားရ
ဆေးလိပ်ငွေ့သာ ငါ့အဖော်
……………………………………………………..
ဖြည့်စွက် >>
8:53 PM ဘး ခုထိသေချာအိပ်လို့မရသေးဘူးဗျာ.. ၃ ရက်ကျော်နေပြီ ခုဆို
ဒုတ်ခပါပဲ.. မနက်ကျ ဝိုင်းကြည့်တာခံရပြန်ဦးမယ်
အမြရေ ဘယ်လိုလုပ်ကြမတုန်း
8:53 PM မြး အဆင်မပြေမှုတွေကြားကနေပဲ အဆင်ပြေနေပါစေ..
အနားရှိရင်လည်း သီချင်းဆိုပြပါရဲ့..
စိတ်အေးငြိမ်းချမ်းအောင် ကဗျာဖတ်
ရှေ့ရေး နောက်ရေး အလည်ရေး
ငါကြည့်တာများလေ ငါရတာနည်းလေ
ငါပဲတစ်ခုခုများ တစ်နေရာရာမှာ
နောက်ထပ်ဘယ်လောက်ကြာကြာ ကမ္ဘာကြီးလည်နေမှာလဲ။
ကောင်းကင်ကြီး ဘာကြောင့်ပြာ
သစ်ရွက်တွေ ဘာကြောင့်စိမ်း
သစ်ရွက်စိမ်းစိမ်းတွေဟာ အရောင်ပြိုင်ပွဲမှာ ဝင်မပြေးပါ။
မင်းက ဒီနေ့လား ငါက မနက်ဖြန်လား
မင်းက မင်းပဲလေ ငါက ငါ
ကဗျာဟာ ကမ္ဘာ့မြေပုံထဲရောက်လာ
ကံကောင်းပါစေဆိုရင် မင်းရောပဲ။
လက်ဟောင်းပြန်ပေါ်တာပဲ လက်ကျ လက်အကျ
အရောင်ဆိုတာ အမှောင်ထဲမှာလည်း ရှိပါတယ်
အခုပဲကြည့်လေ၊ ငါ့အနက်ကို သူ့လက်နဲ့ကွယ်ထားတာ။
မာယာကော့စကီးရဲ့ မျက်ရည်ကိုမထိနဲ့ဆိုပြီး အတင်းပြေးဝင်
ချစ်တာသည် ဘဝတစ်ပါး
ရောက်တဲ့နေရာက ရရာဆွဲယူ
ဒါလည်း တစ်စက်ကျန်အထိ အရသာရှိပဲ။
တစ်ခုခုလားဆိုတော့ တစ်ခုပဲ One
အကြောင်းတိုင်းပဲ
ငါ့အတွက် မတွေးနဲ့၊ မင်းအတွက်လည်း မတွေးနဲ့
ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်စဉ်မှာပင်
၂၀ ရာစု ရွေ့လျားသွားပါပြီ။
Hello Hello
မင်းတစ်ခုခုကို မှီထား/ကိုင်ထား
ကြယ်တံခွန်တွေ ရေတံခွန်တွေ
သူတို့က မြစ်ကိုလည်း နေ့စဉ်နေ့စဉ်ကြည့်ချင်သေးတယ်
အဆွေးမြေ့ဆုံးကတော့ ကြွပ်ကြွပ်အိတ်မပေါ်ခင်တုန်းက စကားတွေပဲ
အခု ကွယ်လွန်သူတွေ နှစ်ပတ်လည်ပြန်ပြီ။ ။
စိုင်းဝင်းမြင့်
၂၀၀၉ ဇွန်လ၊ ရုပ်ရှင်တေးကဗျာ
8:58 PM မြး သွားတော့မယ်
ကောင်းသောည
မောင်ဘလေး အိပ်လို့ပျော်ပါစေ
9:05 PM ဘး ကျေးမြ
ငါတို့အချစ်တွေကို
အဓိပ္ပါယ်ဖွင့်ဖို့မလို
ငါတို့ဒုက္ခတွေကို
ပြောပြနေဖို့မလို
ငါတို့ကမ္ဘာကို
ရွှေ့ပစ်ဖို့မလို
ငါတို့ချုပ်ရိုးတွေကို
ကွယ်ဝှက်ဖို့မလို
ငါတို့တေးတွေကို သီမြဲသီစို့
ငါတို့အိပ်မက်တွေကို မက်မြဲမက်စို့
ငါတို့..
ငါတို့ဆိုတာ
မင်းနဲ့ငါတို့
ငါနဲ့မင်းတို့
နေမျိုး
(ချစ်သော P လက်ဆောင်ပေးထားသော “ကြယ်များနှင့်အတူ” ကဗျာစာအုပ်မှ)
ဟော့ဒီမှာ ကဗျာပါ .. သုခမိန်လှိုင်ရေးသော အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ စာအုပ်မှဖြစ်ပါတယ်..
ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဘိုးကြီးလာ။
ငါတို့ မက်ခဲ့ကြတာ
အိပ်မက်ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲကြီးကြီး။
စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး။
စာဖတ်သူ .. ဒီကဗျာကို ဘယ်လိုမြင်ပါသလဲ.. ကြယ်တွေကြွေမှ ကောင်းကင်ကြီးကတန်ဖိုးကြီးလာ ဆိုတဲ့ အစစာကြောင်းကတင် အတော်လေး ဆွဲဆောင်မှုရှိမနေဘူးလား.. မရှိတော့မှ သိရတဲ့တန်ဖိုး.. ဗန်ဂိုးသေမှ ပန်းချီကားတွေဈေးကောင်းလာ.. ဒိုးလုံးသေမှ သူ့သီချင်းတွေ လူကြိုက်များလာ.. ဒီအဓိပ္ပါယ်တွေနဲ့ မဆင်ဘူးလား..
ကိုယ်မစားရတဲ့ စပျစ်သီးကို ချဉ်မှာပါကွာလို့ ကဲ့ရဲ့တတ်တဲ့ မြေခွေးအဖို့ .. လက်ထဲက ငါးထက် လွတ်သွားတဲ့ ငါးကပိုကြီးတယ်လို့ ထင်နေတဲ့ လူအဖို့.. တကယ်လက်လွတ်သွားတာက တစ်လောကလုံး ပိုင်ဆိုင်သမျှအကုန်လုံး ဖြစ်နေတတ်ပါတယ်..
တွေးကြည့်ကြရအောင်..
Recent Comments