“အ”လုံးကြီးတင် “ပ”သတ်.. “မ” “က”သတ်10-11-2009 | 21:00:15 | 10 Comments
ခုတလောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်..
အင်မတန်ကိုမှ မကြိုက်ဘူးဆိုတဲ့ သီချင်းထဆိုနေလို့ ဘာဖြစ်တာလဲဟလို့ အတွေးမစောကြပါနဲ့.. ခုတလောမှာ မက်တဲ့အိပ်မက်တွေက တကယ်ကို ထူးဆန်းနေလွန်းလို့ ပြောပြမလို့ အင်ထရိုဝင်လိုက်တာပါဗျာ..
ဆန်းတာမှ မဆီမဆိုင်ဗလိုင်းကြီးတွေ.. ဟိုနေ့က မက်တာက.. ငရှားရယ် နန်းညီရယ် တောင်ကြီးက ငပြေဆိုတဲ့ ဘော်ဒါလေးရယ်.. နောက် ဘယ်သူတွေ
ပါသေးလဲ သေချာမမှတ်မိတော့ဘူး.. ရေတံခွန်ကြီးတစ်ခုအနားမှာ.. အောက်ခြေကလည်း ရွှံ့တွေဗွက်တွေနဲ့.. နင်းလိုက်တိုင်း ခြေချောင်းတွေကြားထဲကနေ ဗွက်တွေတိုးတိုးထွက်လာသတဲ့.. အဲ့မှာ ဘာလုပ်နေကြလဲဆိုတော့ ဖောင်အကြီးကြီးတစ်ခု ဖွဲ့နေတာ.. အဲ့ မြစ်ကို စုန်ဆင်းကြမလို့ဆိုပဲ.. ဘာသွားရှာကြမှာလဲတော့မသိဘူး.. ဒါမှမဟုတ် ဘယ်ကနေဘယ်ကိုပြန်ကြမှာလဲ မသိဘူး.. ပစ္စည်းပစ္စယတွေကို လွယ်အိတ်တွေနဲ့ပလတ်စတစ်တွေခံပြီး အထုပ်အထုပ်လေးတွေထုပ်ထားကြသတဲ့.. လှေအသေးလေး ၄ ၅ စင်းလည်း ပါတယ်.. ရာသီဥတုကလည်း အေးလို့စိမ့်လို့.. အားလုံး စိတ်အားတွေထက်သန်ပြီး ဝါးတွေခုတ်လိုက် ဖောင်ဖွဲ့လိုက်.. ပြင်ဆင်နေလိုက်ကြတာ အားရစရာကြီး.. အန္တရာယ်ရှိတဲ့ခရီးတစ်ခုကို စွန့်စားကြဖို့ ပြင်ဆင်နေကြတာလေ.. အဲ့မှာ တကယ်တမ်း သွားကြမယ်လည်းဆိုရော life-jacket တွေ ပျောက်နေလို့ဆိုပြီး ဒေါင်းတောက်အောင် ရှာလိုက်ကြရတာလေ.. ငရှားက ထိန်းသိမ်းမှုပေါ့လျော့လို့ဆိုပြီး တဖွဲ့လုံးကို ဗျစ်တောက်ဗျစ်တောက် ရွတ်နေလိုက်တာများ နားကိုညီးနေတာပဲတဲ့.. သူ့ကို ဘယ်သူမှလည်း ပြန်မပြောရဲတော့ အားလုံး ငြိမ်ခံပြီး အဲ့ဒိအသက်ကယ်အင်္ကျီထုပ်ကြီးကို လိုက်ရှာနေရင်းနဲ့ပဲ နိုးသွားရော.. ဘယ်သွားကြပြီး ဘာလုပ်ကြမလဲဆိုတာ မသိလိုက်ရတော့ဘူး..
နောက်တစ်ခုကျပြန်တော့.. ကျားသစ်နက်ကြီးနဲ့.. မြို့ထဲမှာ ကျားသစ်နက်ကြီးတစ်ကောင် သောင်းကျန်းနေသတဲ့.. အဲ့မှာ သူရဲကောင်းကြီး နန်းညီက သေနတ်ကြီးတကားကားနဲ့ သတ္တဝါဆိုးကြီးကို နှိမ်နင်းတယ်ပေါ့လေ.. ဒါမယ့် ဘယ်က ဘယ်လိုဖြစ်တယ်မသိ.. တစ်ရက်ကျတော့ သစ်ပင်ပေါ်ကနေ ကျားသစ်ကို သေနတ်နဲ့ပစ်တာ ကျားသစ်ကို မထိဘဲ လူတစ်ယောက်ကို သွားထိလို့ အဲ့လူသေသွားသတဲ့.. အဲ့လူက ဘယ်သူလဲသိလား.. ဒေါက်တာသန်းထွန်း တဲ့ဗျား.. ကဲ.. (မဆီမဆိုင် သေပြီးသားလူကိုတောင် သေနတ်နဲ့သွားပစ်သတ်မိသေးတယ်.. အလကားနေ ဒေါက်တာသန်းထွန်းကို သတ်တဲ့တရားခံဖြစ်ရသေး).. အဲလိုနဲ့ပေါ့ ကျားသစ်ကြီးကိုလည်း ဖမ်းမမိသေး.. တစ်ညနေကျတော့.. နေဝင်ရီသရော.. အိမ်တိုင်းအိမ်တိုင်း တံခါးလုံလုံပိတ် ငြိမ်ကုပ်နေကြချိန်.. ကလေးတစ်ချို့အိမ်ပြန်မရောက်သေးဘူး.. ရေကန်ကြီးနားမှာ သွားဆော့ကြတယ်ဆိုပြီး ပြောလို့ သေနတ်ကြီးထမ်းပြီး ရေကန်နားကို ထွက်ခဲ့သတဲ့.. ရေကန်နားရောက်တော့လည်း ကလေးတွေကမရှိ.. ဘယ်ရောက်နေလဲဆိုတော့ ရေကန်ကြီးနားမှာရှိတဲ့ FM လွှင့်တဲ့ အဆောက်အဦထဲကို သွားပုန်းနေကြတာတဲ့.. (အိမ်ပြန်နေရင် လမ်းမှာတင်မှောင်သွားပြီး ကျားသစ်ကြီးနဲ့တွေ့မယ်ဆိုတာတွက်တတ်ကြတယ်.. ဒီကလေးတွေ မခေဘူးပဲ.. နန်းညီအိပ်မက်ထဲက ကလေးတွေမို့လို့နဲ့တူတယ်)..
အဲ အဲ.. ကလေးတွေကတော့ မခေပါဘူး. နည်းနည်းညံ့သွားတာ နန်းညီပဲ.. အဲ့ FM တိုက်ကြီးဆီရောက်တော့ အဲ့ကလေးတွေနဲ့ အဲ့က ဝန်ထမ်းတွေက တံခါးတွေအားလုံး ပိတ်ပြီး အပေါ်ထပ်မှာ စုနေနေကြတာ.. နန်းညီက ဝင်မယ်ဆိုတော့ အောက်ထပ်က တံခါးမကြီးကို ဖွင့်ပေးတာပေါ့.. အဲ့မှာဗျာ.. အဲ့ ကျားသစ်စုတ်ကြီးက ဘယ်က ဘယ်လိုဝင်သွားလဲမသိဘူး.. အပေါက်တွေဖွင့်တုန်း ခိုးဝင်သွားတာကို နန်းညီကလည်း မသိလိုက်ဘူးတဲ့.. အဲ.. တံခါးတွေပြန်ပိတ် နန်းညီလည်း အပေါ်ထပ်တက်နေတော့မှ.. အောက်ထပ်မှာ ကျားသစ်ကြီး ရောက်နေတာကို သိလိုက်ကြရတော့ အားလုံး ထိတ်ထိတ်ပျာပျာတွေ ဖြစ်ကုန်တာပေါ့.. အဲ့မှာ နန်းညီလည်း မပူနဲ့ဆိုပြီး.. နောက်ထပ် အဖော် ၂ ယောက်ခေါ်ပြီး အောက်ကိုဆင်း.. တံခါးကိုပြန်ဖွင့်ပြီး အပြင်ထွက်သွား.. ကျားသစ်ကြီးကိုမျှားခေါ်ထုတ်သွားပြီး ရေကန်အနီးမှာ သတ်လိုက်ပုတ်လိုက်.. ပစ်လိုက်ခတ်လိုက်.. ပြေးလိုက်လွှားလိုက်နဲ့.. နောက်ဆုံးတော့ ကျားသစ်ကြီးလည်း သေပါလေရော.. (အမှန်တော့ အိပ်မက်ထဲမှာ အဲ့ဒါတွေမပါဘူး.. ဒီတော့ ဗားရှင်းက အမျိုးမျိုးပြောင်းလို့ရတယ်.. ဒါက ဗားရှင်း ၁ )
ဗားရှင်း ၂ ..)) အောက်ထပ်မှာ ကျားသစ်ကြီးရောက်နေတာကို သိလိုက်တော့ အားလုံးထိတ်ထိတ်ပျာပျာတွေ ဖြစ်ကုန်တာပေါ့.. ကျားသစ်ကြီးကလည်း အောက်မှာ ဟိန်းဟောက်သောင်းကျန်းနေပြီး အပေါ်ထပ်တက်ရမယ့် နည်းလမ်းတွေကို အမျိုးမျိုးကြိုးစားနေတာ.. အဲ့မှာ နန်းညီက ဝရံတာကနေထွက်.. အောက်ကိုကုန်းပြီး မကြောက်မရွံ့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ကျားသစ်ကြီးကို ပစ်လိုက်တာ.. နဂိုကမှ လက်ဖြောင့်ပြီးသားဆိုတော့ ကျားသစ်ကြီးခေါင်းကိုတည့်တည့်ထိပြီး သေရောတဲ့..
ဒါတွေက အိပ်မက်ထဲမှာတကယ်မက်တာတွေ )) အဲ့မှာ အိမ်ဆီကိုပြန်လာတော့ အိမ်တွေက အားရဝမ်းသာဆီးကြိုပြီးတော့ တိုက်. အဲလေ.. (ဆီးတွေကြိုတိုက်ရင်တော့ အန်ပစ်မှာပဲ.. ရွံစရာကြီး.. အော့).. အားရဝမ်းသာ ဆီးကြိုဂုဏ်ပြုကြပါလေရောတဲ့.. ကျောင်းသားတွေလည်း အများကြီးအိမ်မှာရောက်နေသတဲ့.. သူတို့က ဟိုသီချင်းဆိုကြတယ်.. “မြန်မာ့ကျောင်းသား နိုင်ငံတော်တွင်း အထင်လင်းရှိရမည်.. စည်းကမ်းသေဝပ်ခြင်းအရင်းပြုသည်.. ဝီရိယလည်းရှိရမည် ကိုယ်ကျုင့်တရားဧကန်မှန်ပေသည်”ဆိုတာလေ.. ဘာဆိုင်လဲတော့မသိဘူး.. အိပ်မက်ထဲမှာတော့ ဆိုကြတာပဲ.. အဲ့မှာ နန်းညီကိုဝိုင်းပြီး ကျွေးကြမွေးကြတာ.. နန်းညီလည်း ကွေ့သယို စားမယ်ဆိုပြီး ပန်းကန်ကြီးလှမ်းယူရော နိုးသွားပါလေရောဗျာ.. တကယ်.. အဟုတ်.. ကောင်းခန်းရောက်ကာမှ.. တောက် !
10 Responses to ““အ”လုံးကြီးတင် “ပ”သတ်.. “မ” “က”သတ်”
  1. အိမ်မက်ဆိုတာဒီအတိုင်းဘဲ ကောင်းခန်းရောက်ရင် ပြီးပြီ အပြင်လောကကြီးလည်း ကောင်းခန်းရောက်တိုင်း ပြီးသွားရင်တော့ ဟင်းဟင်း
  2. နန်းညီ အိမ်မက်တွေက Abstract ကားတစ်ချပ်ကို ကြည့်နေရသလိုပဲ၊ ဆောင်းတွင်း အိမ်မက်တွေများလား? :)
  3. အခု ဆောင်းတွင်းဆိုတော့
    ဆောင်းတွင်းအိပ်မက် ကယောက်ကယက် ပေါ့
း))
  4. မြိုင်ရာဇာ တွတ်ပီ ၏ စွန့်စားခန်းများ လိုပဲ မြိုင်ရာဇာ နန်းညီ ၏ စွန့်စားခန်းများပေါ့ :D
  5. အိပ်မက်တွေက ကောင်းသားပဲ..
    အိပ်မက်ထဲမှာ Hero ဖြစ်နေတယ်ပေါ့..
  6. စိတ်စွဲလို့ပါကွယ်…။
  7. အင်း မနက်ကျတော့ သူအိပ်တဲ့ အိပ်ရာခင်းတွေ အ၀တ်လျော်စက်ထဲထည့် မွေ့ရာကြီး အပြင်ထုတ်ပီး နေပူလှန်းရတယ် … ဘယ်သူမှမသိဘူးမလား ..
    စာထဲမှာသာ ကျားသစ်ကို သတ်လိုက်တာ … အပြင်မှာတော့ သူသေးတောင်ပေါက်ချကုန်အောင် ကြောက်လို့ :P
    ( စွန့်စားခန်းများ ဘ၀တလျောက် ကြုံတွေ့၍ ထိုထိုသော အပေါင်းအသင်းများနဲ့ ထာဝရ ပူးပေါင်းစွန့်စားသွားနိုင်ပါစေဗျား ဆုတောင်းပေးပါတယ် အနိုင်ရပါစေ )
  8. အိပ်မက်ရဲ့ တကယ့်ဗာရှင်အစစ်က အောက်ဆုံးက ကိုစိုင်းပြောသလိုကိုး ဟိုးဟိုး။
  9. GRRRRRRRR ငါ့လာ အသရေဖျက်နေကြတယ်..
  10. ကောင်းလိုက်တဲ့အိပ်မက်
    လင့်ထားမယ်နော်
Leave a Reply
Business portal Kiev