တောင်ကြီးဟော်တယ်နားမှာ လမ်းလျှောက်ကြရင်း တိမ်တွေသိပ်လှနေလို့ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်..
စူဠာမုနိကို ညနေဘက်ကြီးရောက်ဖြစ်တယ်.. ဘုရားကို လှတယ်မပြောကောင်းဘူးဆိုပေမယ့် အဲ့ဒိညနေတုန်းကတော့ ဘုရားက သိပ်လှနေခဲ့.. တိမ်တွေကြားက ရွှေ
တောင်ကြီးမှာ လမ်းဘေးပေါက်တဲ့ ပန်းပင်တွေကအစ သိပ်လှတယ်.. စိုဖတ်လတ်ဆတ်နေတာပဲ..
ဝါးရုံအပြင်မှာ သူမ ရပ်နေလေရဲ့.. ဘယ်ကိုလှမ်းငေးနေတယ်ရယ် မသိ..
တိမ်တွေရဲ့ မြို့တော်လို့ပဲ ပြောရမလား.. .. .
ဟိုပုံးဆည်ကို အဖွဲ့လိုက်ကြီး သွားဖြစ်တယ်.. ညီမလေး ၂ ယောက်ကို လိုက်ပို့ပေးချင်တာ အဓိက.. ဒါပေမယ့် သူတို့ မပျော်ခဲ့ရဘူးဆိုလား.. ဝမ်းနည်းမိ..
သွားရင်းလာရင်း ဓာတ်ပုံတွေဆင်းဆင်းရိုက်တတ်တဲ့ မယ်ညီ့ကို စိတ်မရှည်ကြလို့ ဆိုင်ကယ်ပေါ် မတင်ချင်ကြဘူးများလား..“သီဟ”ကတော့ မညဉ်းမညူ.. ဒီနားရိုက်ဦးမလား ဟိုနားရိုက်ဦးမလားတောင် မေးနေရှာသေး…
လမ်းဘေးပေါက်တဲ့ ပန်းပင်ပုံလေး လှတယ်။ စိမ်းစိုနေတာပဲ။
အောက်ဆုံးကရေရင် ဒုတိယပုံ မိုက်တယ်ဟ။
ဟိုပုံး လမ်းမှာ ရိုက်ခဲ့တာထင်တယ်။ ဟိုပုံးကတော့ အသွားဆိုရင် စိတ်ချမ်းသာစရာကြီး ဟိဟိ ဆိုင်ကယ် ဆီကုန်ဝူးဟ.. အဆင်းတွေချည်းပဲ။
တော်တယ်
ကျေး ကျေး All
လမ်းဘေးပေါက်တဲ့နန်းညီ
ဘာာာာာာာာာာာာာာ 0_o !!
မယ်ညီရေ ပြီးသေးဘူးလားဝေးးးးးး မွေးရပ်မြေကိုလွမ်းနေပါတယ်ဆို
ငယ်ငယ်တုန်းက အဲ့လမ်းဘေးပေါက်တဲ့ ပန်းတွေကို မှုတ်ပြီး လေထဲမှာ အကြာကြီး ၀ဲသလဲ ဆိုပြီး ဆော့ဖူးတယ်
လေးစားလျက်
တောင်ပေါ်သား
ပထမဆုံးပုံနဲ့ဝါးရုံကြားကပုံကြိုက်တယ်..
ကြေးအိုးတိုက်မယ်မဟုတ်လားး))
ဟင်.. မနော်.. ဘာများသက်ဆိုင်သွားလို့လဲ..
တော်တော်တီးကို တော်လာပြီ
ပေါ်ဆုံးကပုံကိုကြိုက်တယ်။
ဓါတ်ပုံတွေလည်းလှတယ်
စာရေးသူလည်းလှတယ်
ပထမဆုံးပုံကို
ငါကြိုက်တယ်ကွ
လှတယ်လို့ မပြောပဲ သပဿပာယ်တယ်ပြောပော့။ ဟိုပုန်းဆည်ဆိုတဲ့ ပုံလေးပိုကြိုက်တယ်။ panorama လိုပဲ။
လှတယ်လို့ပဲ သုံးချင်တာ.. သပ္ပါယ်နေတာမှမဟုတ်တာ.. တိမ်တွေ နောက်ခံထားပြီး လှနေတာကြီးကို
ကင်မရာ ကောင်းနေတဲ့ သဘောပေါ့
တိမ်တွေကတော့လှပါရဲ့
အဖြူနဲ့အမည်း အလင်းနဲ့အမှောင် သဘောတရားတွေကို ခံစားခဲ့ရပါတယ်
နန်းညီ။ ဒုတိယမြောက်ပုံ ဖြစ်တဲ့အမှောင်ပတ်ဝန်းကျင်မှာ ကွက်ကွက်ကလေးပေါ်ထွန်းနေတဲ့ အလင်းကွက်ရယ် စေတီထီးတော်ရယ်က လောကသဘာဝကိုဖော်ကျူးပြနေပါတယ်။
ဆက်ပြီးမှတ်တမ်းတင်ပါ ခံစားပေးဖို့ရှိနေပါတယ်။
ဒီတပုဒ်ကိုဘယ်လိုဖြစ်လို့ ကျော်သွားပါလိမ့်..
အခုမှတွေ့တယ်..
တိမ်တွေအဆုပ်လိုက်နဲ့ပုံကို သဘောကျတယ်..
(ဓါတ်ကြိုးတွေပါတဲ့ပုံ)
All photos are nice and active.
အပေါ်ပုံက တော်တော်ရုပ်ဆိုးတာပဲ။ သဘာဝအလှကိုတောင် ဖျတ်ဆီးနိုင်တယ်။ မဲတူးပြီး ရွဲ့စောင်းနေတယ်။
အပေါ်ကဆရာကြီး မျက်စိစောင်းနေတယ်..
ကောင်းကင်ကလည်း ပြာလဲ့ကြည်လင်နေတာပဲ..
ဆ၇ာကြီးကလည်း အသက်ရလာပြီတူပါတယ်။