အင်မတန်ကို ပျင်းရိ ငြီးငွေ့ သေချင်စော်နံနေပါတယ်.. စာလည်းမရေးဖြစ်ဘူး.. စိတ်ကူးရှိချိန် မီးကပျက်.. မီးကလာပြန်တော့လည်း စိတ်ကူးကပျောက်နဲ့.. အိမ်ကလေး ဖုန်တက်နေမှာလည်း စိုးတော့ သန့်ရှင်းရေးလုပ်တဲ့အနေနဲ့ စိတ်ကူးပေါက်ရာ ဆွဲထားတဲ့ပုံလေးတချို့.. မြင်မြင်ရာ လက်သရမ်းပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတချို့ကိုပဲ တင်ပါဦးမယ်..
ဒါလေးကတော့ ဘန်နာများလုပ်ရင်ကောင်းမလားရယ်လို့ လက်တည့်စမ်းထားတာလေးပါ.. သို့သော် ဒီအိမ်က ဘန်နာပြောင်းမရဘူး.. ဒီတော့.. ဒီတိုင်းလေးပဲ ကြည့်ရှုဝေဖန်သွားကြလေ.. နော်..

စုတ်တီးစုတ်ပြတ် အေအိုင်ဘန်နာလေး
ပြီးတော့ကာ
ကေဇော်ရဲ့ ကဗျာလေးတစ်ပုဒ် သိမ်းထားတာ ပြန်မျှဝေချင်ပါသဗျာ

ဟင်.. အဲဒီဘန်နာများ စုတ်တီးစုတ်ပြတ်တဲ့..။ ပြောရက်လိုက်တာ..။
ဘန်နာကိုကြည့်ရတာ ပီကေဘူးထဲက ရောင်စုံပီကေလုံးလေးတွေထွက်ကျနေသလိုပဲ..
(မိုက်တယ်)
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့ ဂျင်းတွေ အရက်တွေနဲ့ထည့်ပြုတ်ထားလို့ မွှေးမြနေတဲ့ နားရွက်ကလေးတဖက်ပါပဲ… (ချဉ်ရည်နဲ့တို့စားချင်လိုက်တာ ရှလွတ်)…
ဘန်နာလေးက လှလှလေးပါလား … အင်း နားရွက်၊ လာပြန်ပီ နားရွက်..
နားရွက်ထဲမှာ ကဗျာဆန်တာဆိုလို့ ခေါင်းနီအရူးရဲ့ နားရွက်ပဲကြိုက်တယ် …
အောက်ဆုံး အပိုဒ်က ဆရာ တာရာမင်းဝေလား ????
ဆရာ မင်းခိုက်စိုးစန်လားပဲ ????? @_@
အင်း
ကိုယ်ရောပဲ
ပျင်းနေတာ
ဒီမှာက ပျင်းအင်ဖမ်နတီဖြစ်နေတာနော် နည….
ငါ ကလေးဆေး ထွင်ရောင်းရင်.. ကြော်ငြာအတွက် သုံးမယ်နော်.. ဟဲဟဲ..
မွှေးမြက ဘယ်လိုဖြစ်နေတာတုန်း။ ဒါမှမဟုတ်.. မွှေးလည်းမွှေး မျှလည်း မျှတတာများလား.
ကျွန်မအရူးအမူးဖြစ်နေတာကတော့
လွှတ်ခနဲလာဆုပ်တဲ့ လက်ကလေး တဖက်ပါပဲ..
ကျစ်ကျစ်တောက် ပူလောင်နေတဲ့ နေမင်းကြီးကလည်း
တက္ကသ ဘာသာစကားနဲ့
ငါ မင်းထက် ပူလောင်ပါသတဲ့..
ဟဲ.. ငါကတော့ ပျင်းတားပဲ ရှိသေးတယ်..
နေမကောင်းဘူး
အီး…………………………………………….
အပူသည် ကိုတွေ့တော့ မဆိုင်ပေမယ့် လွမ်းပ ကို သတိရတယ်..
“ဂျွန်ကပြောတယ် အားလုံးမြစ်ဆီ” ဆိုတဲ့တစ်ပုဒ်ကောပေါ့..
ပြန်ဖတ်ချင်လိုက်တာ..